စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်






မုံရွာ၊ မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း သီးနှံများစိုက် ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး က စစ်ကိုင်းခရိုင်အတွင်း တိရိစ္ဆာန်များမွေးမြူထားရှိမှုနှင့် အသား/ဉထုတ်လုပ်မှု အခြေအနေများ အားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ခရိုင်ဦးစီးမှုးက ရေရရှိမှုနှင့်ဖြန့်ဝေမှု အခြေအနေများအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်ဦးစီးမှုးက စစ်ကိုင်းခရိုင်အတွင်းရှိ လျှပ်စစ်မြစ်ရေ တင်များနှင့်ဆိုလာမြစ်ရေတင် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်း ကောင်း၊ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မြေယာကိစ္စရပ်များနှင့် ပတ်သက် ၍လည်းကောင်း၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌက ခရိုင်အတွင်း သီးနှံများစိုက်ပျိုး ထားရှိမှုများနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ အသက် ၅ နှစ်အောက် ကလေးငယ်များအား ဆေးရုံအခြေပြုကာကွယ်ဆေးထိုနှံပေးနေမှုများ အားကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ကာကွယ်ဆေးများလာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးငယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အဟာရဖြည့်စွက်စာများ၊ ဆေးများနှင့် လက်ဆောင်ပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ ကလေးအထူးကုသဆောင်၊ ထိခိုက်ဒဏ်ရာနှင့်အရိုး/အကြောဆောင်၊ ဖျားနာလူနာဆောင်တို့တွင် ဆေးကုသမှုခံယူနေကြသည့် ဒေသပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အဟာ ရဖြည့်စွက်စာများပေးအပ်ခဲ့ကြပြီး ကျောက်ကပ်တုသွေးသန့်စင်ခန်းအတွင်း လူနာများအား ဆေးကုသနေမှုများအား ကြည့်ရှုအားပေးကာ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)