ကျိုက်လတ် ၊ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၄)ရပ်ကွက်ရှိ ပညာဝတီ အမျိုးသမီးဘဝ မြှင့်တင်ရေးဂေဟာသို့ သောက်သုံးရေများကို ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ပညာဝတီအမျိုးသမီးဘဝ မြှင့်တင်ရေးဂေဟာသို့ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ် များဖြင့် ရေဂါလန် ၁၆၀၀ ကို သွားရောက်လှူဒါန်းခဲ့သည်။
ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေ အခက်အခဲရှိပါက ဆက်လက်၍ သောက်သုံးရေများလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment