ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း နွေနှမ်း ( မကွေးနှမ်းနက် -၁/၂၀၂၄) ( ၁၂၈.၀၀) စိုက်ပျိုးအောင်မြငိဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း နွေနှမ်း ( မကွေးနှမ်းနက် -၁/၂၀၂၄) ( ၁၂၈.၀၀) စိုက်ပျိုးအောင်မြငိဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး



ရွှေတောင်   ၊  မေ   ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစ်ိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ၊ ဝါးတောကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၈၈၊၄၈၉) ကွင်းများရှိ ဆည်ကြီးကုန်းဆည်ရေဖြင့် နွေနှမ်း ( မကွေးနှမ်းနက် -၁/၂၀၂၄) ( ၁၂၈.၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်းသိရသည်။

     အဆိုပါ ( မကွေးနှမ်းနက် -၁/၂၀၂၄) ( ၁၂၈.၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်      အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဝါးတောကျေးရွာအုပ်စု    နှင့် မီးလောင်ကျေးရွာအုပ်စုရှိ နွေနှမ်းစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဆီထွက်သီးနှံ အထွက်ကောင်းမျိုးများနှင့် စပါး သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုနှင့် စိုက်နည်းစနစ်မှန်ကန်စေရေး၊ ဆည်ကြီးကုန်းဆည်ရေဖြင့် သုံးသီးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ ဒေသတွင်း တိုင်းရင်းကြက်များ တိုးချဲ့ မွေးမြူရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)