တရားလွှတ်တော်ရှေ့နေများကောင်စီ (မန္တလေး) ရုံးခွဲ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားလွှတ်တော်ရှေ့နေများကောင်စီ (မန္တလေး) ရုံးခွဲ ဖွင့်လှစ်



မန္တလေး၊ မေ ၂၁

တရားလွှတ်တော်ရှေ့နေများကောင်စီ(မန္တလေး)ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၆၈ x ၇၀ လမ်းကြားရှိ အဆိုပါရုံးခွဲ၌ မေ ၁၈ ရက် နံနက်ပိုင်းက ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးခွဲကို ရန်ကုန်တွင်သာမက မန္တလေးရုံးခွဲကိုပါ ဖွင့်လှစ်နိုင်ခဲ့သဖြင့် နှစ်စဉ်ကြေးကောက်ခံရာတွင် ယခင်ထက်ပိုမိုလွယ်ကူမည်ဖြစ်ပြီး နှစ်စဉ်ကြေးများ ပြည့်ဝစွာ ရရှိလာမည်ဖြစ်သည့်အပြင် ရှေ့နေရှေ့ရပ်များနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြုလုပ်ငန်းခွင် ပြင်ပကြီးကြပ်ခြင်း (Offsite Monitoring) နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးခြင်း (Onsite Inspection) များမှာ တရားလွှတ်တော်ရှေ့နေများကောင်စီမှ ကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ လိုက်ပါဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ Enrol စစ်ဆေးခြင်းများအပေါ် ကြိုတင်စစ်ဆေးနိုင်ခြင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ(မန္တလေး)သို့ ရှေ့နေရှေ့ရပ်များအပေါ် တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ ကြိုတင်စိစစ်နိုင်ခြင်း၊ ရှေ့နေရှေ့ရပ်များက တင်ပြလာသည့် အခက်အခဲများကို တရားလွှတ်တော်ရှေ့နေများကောင်စီကိုယ်စား ကြိုတင်ဖြေရှင်းနိုင်ခြင်း၊ အထက်မြန်မာပြည်ရှိ တရားလွှတ်တော်ရှေ့နေများ၏ အကျိုးကို ယခင်ထက်ပိုမိုဆောင်ရွက်ပေးနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာ ထိန်လင်းဦး၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များမှာကြားကာ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးသိန်းတို့က လုပ်ငန်းဆိုင်ရာများ တင်ပြကြရာ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)