ကန့်ဘလူ ၊ မေ ၁၂
နွေရာသီအားလပ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ကျောင်းစာတွင်လည်း အထောက်အကူပြုရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို ယခုလ ၆ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိမိတို့ဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ကျောင်းသားလူငယ်များ၊ ဒေသတွင်းလူငယ်များအတွက်လည်း တတ်မြောက်ထားသင့်သည့် သင်တန်းများကိုလည်း ရွေးချယ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုအခါ နွေရာသီကာလသည် အားလပ်ရက်ဖြစ်သည့်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment