မြစ်ကြီးနား၊ မေ ၁၈
မြစ်ကြီးနားမြို့၊ ပမ်မတီးနယ်မြေ ၄ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက KIA အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျောင်းသားတစ်ဦးအပါအဝင် ၃ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ် သတင်းပေးပို့သူက "ဒီနေ့ မနက် ၈ နာရီလောက်က ပမ်မတီးနယ်မြေ ၄ ရပ်ကွက်၊ KIA က ပစ်တဲ့ လက်နက်ကြီး ၄လုံးကျတယ်။ ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆရာမ တစ်ယောက်ခြေထောက်ထိတယ်။ သေတာ ကျောင်းသား တစ်ယောက်ပါတယ်။ တစ်အိမ်ထဲ ၂ ယောက်သေဆုံးခဲ့ရပါတယ်။" ဟု ပြောသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment