လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး


လိပ်သို    ၊    မေ   ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများနှင့် ဝန်ထမ်းများ စာပေနှင့် ရင်းနှီးမှုရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်  သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့်  ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာသယ်ဆောင်၍  Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိနေကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့်  ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူစာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့  အပတ်စဉ်သွားရောက်၍ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)