MRTV နှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MRTV နှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement လက်မှတ်ရေးထိုး


ရန်ကုန်၊ မေ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement သတင်းဝန်ဆောင်မှု အသုံးပြုခြင်း စည်းကမ်းချက်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဆင်ဟွာသတင်းအေဂျင်စီ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Kai တို့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆင်ဟွာသတင်းအေဂျင်စီ၊ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဆင်ဟွာသတင်းအေဂျင်စီအဖွဲ့မှလည်း အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆင်ဟွာသတင်းဌာန (XINHUA NEWS AGENCY) ကို ၁၉၃၁ ခုနှစ်တွင် Red China News Agency အနေဖြင့် စတင်ဆောင်ရွက်ခဲ့ရာမှ ၁၉၃၅ ခုနှစ်အတွက် လက်ရှိအမည်ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့သော နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ သတင်းဗျူရို ၁၈၀ ဖွင့်လှစ်၍ ဝန်ထမ်းအင်အား တစ်သောင်းကျော်ဖြင့် သတင်းရယူပြီး တရုတ်နိုင်ငံတွင် ဘာသာစကားခြောက်မျိုးနှင့် နိုင်ငံတကာတွင် ဘာသာစကားရှစ်မျိုး စုစုပေါင်းဘာသာစကား ၁၄ မျိုးဖြင့် News Media အသုံးပြု၍ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့ သတင်းဌာန၏ မူဝါဒမှာသတင်းအကြောင်းအရာများ မှန်ကန်ခြင်းနှင့် မျှတခြင်းဖြစ်ပြီး ၎င်းတို့ သတင်းများကို ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ သတင်းဖလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ MRTV နှင့် သတင်းများ အခမဲ့ဖလှယ်အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို ဦးစွာလက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)