နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်အခမ်းအနား တက်ရောက်

 




နေပြည်တော် ၊  မေ  ၁


အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ဒက္ခိဏသီရိဈေး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် MSME အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် MSME လုပ်ငန်းများသည် ပြည်တွင်းစီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ပြည်တွင်းထုတ်ကုန်များ အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိရန်စသည့် အချက်များနှင့် အညီ ဒေသတွင်းပေါများစွာ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုသည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေးအသား၊ ငါးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းသာမက ပြည်ပဈေးကွက် ထိုးဖောက်နိုင် ရေးကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများ ဈေးကွက်ရရှိရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်းတွင် မြို့နယ်အလိုက် MSME ဈေးရောင်း ပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း (၁၀)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ ပါကြောင်၊  ဈေးရောင်းပွဲတော်များ ကျင်းပခြင်းဖြင့် မိမိတို့ထုတ်ကုန်များနှင့်ပတ်သက်သည့် Brand Awereness  များရရှိလာခြင်း၊ ပြည်သူ များတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်ရန် စိတ်ကူးစိတ် သန်းများ ပေါ်ပေါက်လာခြင်း၊ ထုတ်ကုန်အမယ်အသစ်များ ပေါ်ပေါက်လာစေခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံတဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် Value Added လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများကို ရေရှည်တည်တံ့သော MSME လုပ်ငန်းများ ဖြစ်စေရေးအတွက် အားလုံးကကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်အခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်MSMEအသင်း ဥက္ကဋ္ဌ ဦးကျော်စွာဝင်း တို့ကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဘင်ခရာအဖွဲ့နှင့် MSMEအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ်နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များမှ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်း ဆိုင်ခန်းပေါင်း ၅၀ ခန်းဖြင့် မေ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ  ပြသရောင်းချမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာစေရန်၊ ပါဝင်ပြသသူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိ လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်ချက်များကို ပိုမိုနားလည်သိရှိစေရန်၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် MSME လုပ်ငန်းများနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ကုန်သွယ်မှု မြှင့်တင်ရေးမှ အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန်နှင့် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်၊ ကျွမ်းကျင်လုပ်သားဆိုင်ရာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်းသိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)