ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ပြုလုပ်နိုင်ရန် ဆွေးနွေးနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ပြုလုပ်နိုင်ရန် ဆွေးနွေးနေ



ရန်ကုန်၊ မေ ၁၆

ရန်ကုန်မြို့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ ယမန်နေ့ က ကျင်းပသည့် ဂီတအကယ်ဒမီဆုပေးပွဲ ပြုလုပ်နိုင်ရန်အတွက် ဂီတအနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထားသော ဂီတပညာရှင်များအား စုစည်းတွေ့ဆုံ၍ ဂီတလောကမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း၊ ယခုအခါ ဂီတလောကသားများအနေဖြင့် ဂီတစွမ်းရည်ကို စုစည်းပြသရန် အချိန်အခါသင့်ပြီဟု မြင်ပါကြောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အကြံပြုတင်ပြ လာသည့် ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် မြန်မာနိုင်ငံဂီတနေ့အခမ်းအနားကို ဂီတသမားများအားလုံး ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရန်နှင့် ခမ်းနားထည်ဝါစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ တစ်ဆက်တည်းတွင် ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ကျင်းပရေးနှင့် ပတ်သက်၍ ဂီတလောကသားများ၏ တူညီသောဆန္ဒနှင့် စိတ်အားထက်သန်မှု၊ ရွေးချယ်ပေးအပ်မည့် ဆုအမျိုးအစားအရေအတွက်နှင့် ဆုချီးမြှင့်ရန်ပမာဏ၊ ဆုရွေးချယ်စိစစ်ရေးအဖွဲ့နှင့် ရွေးချယ်မှုစနစ်ပုံစံ စသည်ဖြင့် အသေးစိတ်ဆွေးနွေးကြစေလိုပါကြောင်း၊ ဆက်လက်၍ ဂီတလောကမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံးကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားရန်နှင့် လုပ်ငန်းစဉ်များ သတ်မှတ်ဖော်ဆောင်နိုင်ရန်တို့အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) (ယာယီအမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ သီးခြားဖိတ်ကြားထားသော ဂီတပညာရှင်များက မြန်မာ့ဂီတနေ့ကျင်းပရေး၊ ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ကျင်းပနိုင်ရန်နှင့် ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုမှုတို့ကို အသီးသီးဆွေးနွေးတင်ပြကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဌာနမှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် လုပ်ငန်းစဉ်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဂီတနေ့ကို ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် ဂီတလောကသားများအားလုံး စုစည်းညီညွတ်စွာ၊ အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ဂီတစွမ်းရည်ကို ပြသနိုင်ရန်ဖြစ်ပါကြောင်း၊ ဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပလိုမှုအပေါ် အချိန်မီဆောင်ရွက်နိုင်ရေး အခြားဂီတပညာရှင်များကို ဖိတ်ခေါ်၍ အကြံဉာဏ်ရယူပြီး အသေးစိတ်စီစဉ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကိုလည်း ဂီတလောကသားများ၏ဆန္ဒဖြင့် အကောင်းဆုံးဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)