မြိတ်၊ မေ ၇
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း တနင်္သာရီနှင့် ပုလောမြို့ အနီးဝန်းကျင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် PDF အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှု များပြားပြီး လက်နက်ခဲယမ်းနှင့် ဆေးဝါးများ ပြတ်လပ်လျက်ရှိကြောင်း သိရသည်။
မေလ ၂ ရက်နေ့ ပုလောမြို့နယ် ထမင်းမစားကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်သမား ၁၅ ဦးခန့်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အကြမ်းဖက်သမား၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း၊ မေလ ၃ ရက်နေ့ လုံခြုံရေးတပ်ဖွဲဝင်များက သတင်းအရ တနင်္သာရီမြို့အနီး အခြေပြုနေသော PDF အကြမ်းဖက်သမားများအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ PDF အလောင်း ၃ လောင်း၊ ကိုးလုံးကျည်ပစ်သေနတ် ၂ လက်၊ ကျည် ၁၆ တောင့် သိမ်းဆည်းရရှိခဲ့ပြီး PDF အများအပြား ဒဏ်ရာရရှိ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ တနင်္သရီမြို့ဝန်းကျင်အား လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment