မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး RC (၂) ထပ် အဆောက်အဦ ရုံးသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး RC (၂) ထပ် အဆောက်အဦ ရုံးသစ်ဖွင့်လှစ်



မော်လမြိုင်၊ မေ ၁၀

မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ရုံးအဆောက်အဦသစ် ဆောက်လုပ်ရန်အတွက် တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပြီး တန်ဖိုး ကျပ်သန်း ၇၅၄.၆၀၆ ဖြင့် တင်ဒါအောင်မြင်သူ Express 235 Co.,Ltd နှင့် ၂၁-၆-၂၀၂၃ ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၂-၆-၂၀၂၃ နေ့တွင် အဆောက်အဦအား အုတ်မြစ်ချပန္နက်ရိုက်၍ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး အဆောက်အဦအသစ် (၁၀၀'×၇၆'×၂၅') RC(၂)ထပ် အဆောက်အဦအား ဆောက်လုပ်ခွင့်ပြုခဲ့မှုကြောင့် မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံးရှိ ဝန်ထမ်းများနှင့် ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးရှိ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် Training for Trainers သင်တန်းများပို့ချခြင်း၊ Mini Data Center နှင့် Net Working ဆိုင်ရာ လုပ်ဆောင်ချက်များ လက်တွေ့အသုံးချပြီး IT နည်းပညာအသုံးပြု၍ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင်တန်းဖွင့်လှစ်ပို့ချခြင်း၊ ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများအား Grade I, II သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာအခြေခံ/ အဆင့်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ရာတွင် အဆောက်အဦနေရာ ကျယ်ဝန်းလာခြင်းကြောင့် သီးခြားကဏ္ဍများအလိုက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ဝန်ထမ်းများအတွက် များစွာအကျိုးကျေးဇူးများရရှိပြီး နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုပေးနိုင်မည်ဖြစ်ပါတယ်၊ ရုံးအဆောက်အဦအသစ်အား ဘေးကင်းလုံခြုံစွာနှင့် ရေရှည်တည်တံ့စေရေးအတွက် ပျက်စီးယိုယွင်းမှုမရှိအောင် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးမှ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် အသုံးပြုသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ရုံးအဆောက်အဦသစ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးရီက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမ၊ ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးရီတို့က မွန်ပြည်နယ်စာရင်း စစ်ချုပ်ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)