ရန်ကုန်နည်းပညာတက္ကသိုလ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်နည်းပညာတက္ကသိုလ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ


ရန်ကုန်၊ မေ ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosco- smos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့က ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

ရှင်းလင်းပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Deputy General Director for International Cooperation၊ H.E. Mr. Savelyev Sergey Valentinovich နှင့် Roscosmos State Cooperation မှ Executive Director for Manned Space Program မှ အာကာသယာဉ်မှူး Mr. Krikalev Sergey Konstantinovich ၊ Samara တက္ကသိုလ်မှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှင်းလင်းပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Executive Director for Manned Space Program အာကာသယာဉ်မှူး H.E. Mr. Krikalev Sergey Konstant-inovich က အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားသည်။

ထို့ပြင် Samara တက္ကသိုလ် Chief Executive Officer, Dmitrity A. Baranov သည် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် Samara တက္ကသိုလ်အကြား အာကာသနည်းပညာနှင့် သက်ဆိုင်သည့် Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)