တောင်ကြီးမြို့တွင် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) သင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့တွင် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) သင်တန်း ဖွင့်လှစ်





တောင်ကြီး၊ ဇွန် ၁၈

ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း သဘာဝဘေးအသိပညာ ပေးလုပ်ငန်းစဥ်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အဆင့်မှ ခရိုင်/မြို့နယ်  အဆင့်အထိ သင်တန်း (၁၈) ကြိမ်၊ ဇာတ်တိုက်လေ့ကျင့်မှု (၁၉) ကြိမ်၊ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှာ အသိပညာပေးဟောပြောမှု (၃၇၅) ကြိမ်၊ စုစုပေါင်း အသိပညာပေးလုပ်ငန်း (၄၁၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံမှုရှိအောင် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဥ်များမှာ ပါဝင်ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှ သင်တန်းသား (၅၀) ဦး တက်ရောက်မှာဖြစ်ပြီး သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဥ်များကို လက်တွေ့ဆောင်ရွက်သည့်အခါ ယခင်ကထက် ပိုမိုထိရောက်အောင်မြင်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်မှာ ဖြစ်သည့်အပြင် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်တွင် ထပ်ဆင့်မျှဝေသွားခြင်းဖြင့် ဘေးဒဏ်ခံနိုင်စွမ်းရှိသည့် လူမှုအသိုက်အဝန်းတစ်ရပ် ထူထောင်ရာတွင်များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှတ်သား ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၄) အတွက် စားစရိတ်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်နယ်ဦးစီးမှူးမှ လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော သဘာဝဘေး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

အဆိုပါ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၄) ကို ဇွန် (၁၇) ရက်မှ (၂၁) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်တောရပ်ကွက်၊ ရုံးကြီးလမ်းဘေးဝဲယာနှင့် တရားရုံးရှိ ရေနှုတ်မြောင်း အဖုံးပြုလုပ်ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများအားမှာကြား၍ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော မြို့တော်ခန်းမဘေးရှိ လူသွားလမ်းပလက်ဖောင်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)