ရွှေတောင် ၊ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းနွေစပါးစိုက်ပျိုးထားသော လယ်မြေဧကများတွင်နွေစပါး များအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း မှုများ ဆက်လက်လုပ်ဆောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါနွေစပါးစိုက်ခင်း စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း ချိန်တွယ် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ စပါးတစ်ဧကအထွက်နှုန်း အစိုတင်း ( ၁၄၀ ဒဿမ၆၅) တင်းမှ ( ၁၇၀ ဒဿမ၆၅) တင်း ထိထွက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ် အနေဖြင့်ယခုနှစ်နွေစပါးလျာထားဧက ( ၁၉၂၇) တွင် စိုက်ဧက ( ၂၅၇၉) စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ( ၆၅၂) ဧကကျော်လွန် စိုက်ပျိုး နိုင်ခဲ့ပြီးဗီယက်နမ် စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးများ စိုက်ပျိုးခဲ့ကြကြာင်းသိရသည်။
မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းနှင့် စိုက်မျိုးရေးနည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment