ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ တက်ရောက်





မြစ်ကြီးနား၊ ဇွန် ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ယမန်နေ့က အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များ၏ အနာဂတ်အတွက် လူငယ်ကဏ္ဍနှင့် အားကစားကဏ္ဍတို့ကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်ပေးရာတွင် ပြည်နယ်တစ်ဝှမ်းလုံး၌ လူငယ်နှင့်အားကစားလှုပ်ရှားမှုပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် ပြည်နယ်အတွင်းရှိ လူငယ်များ၏ အင်အားဖြင့် ပြည်နယ်၏ အနာဂတ်ကို လှပစွာပုံဖော်ဖန်တီးပေးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပြည်နယ်၏ အနာဂတ်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော အကအဖွဲ့များနှင့် ဘင်ခရာအဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြကာ Grade-4 ‌ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများ၊ စာအုပ်စာစောင်များပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြဘုတ်များ ပြသခြင်း၊ ကျောင်းသား/ ကျောင်းသူများအတွက် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)