ငါးသိုင်းချောင်းမြို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မ၌အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၄) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မ၌အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်






ငါးသိုင်းချောင်း၊ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့  အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မြို့မတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက  အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၄) ကို ယနေ့နံနက် (၉) နာရီအချိန်ကဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်မောင်အေးကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ကြူဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်ငါးသိုင်းချောင်းမြို့ကြက်ခြေနီအသင်းခွဲငယ် ဥက္ကဌဦးအောင်စိုးမြင့်မှ သင်းတန်းတက်ရောက်လာကြသည့်ကျောင်းသားကျောင်းသူများအနေဖြင့်မိမိကိုယ်တိုင်နှင့်မိမိ မိသားစု၊ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သည့်ပညာများကိုစာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သဖြင့်ကြိုးစားသင်ယူကြရန်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းအားကျောင်းအကျိုးတော်ဆောင်များ၊ဆရာ ဆရာမများ၊သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ (၄၃) ဦးတက်ရောက်ကာသင်တန်းကာလမှာ(၂၅/၂၆/၂၇.၆.၂၀၂၄) (၃)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အခြေခံ ရှေးဦးပြုစုနည်းများကို စာတွေ့လက်တွေ့သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)