ပဲခူးမြစ်ကူးတံတား (သံလျင်တံတား အမှတ် -၃)တွင် တံတားအသုံးပြုခ အခမဲ့ ဖြတ်သန်းခွင့် ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြစ်ကူးတံတား (သံလျင်တံတား အမှတ် -၃)တွင် တံတားအသုံးပြုခ အခမဲ့ ဖြတ်သန်းခွင့် ပြု


ရန်ကုန်၊ ဇွန် ၉ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူမြစ်ကူးတံတား (သံလျင်တံတား အမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တံတားအသုံးပြုခအား အခမဲ့ ဖြတ်သန်းခွင့် ပြုလျက်ရှိကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သံလျင်တံတား အမှတ်-၃) အသုံးပြုခအား ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်အထိ အခမဲ့ ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့မှစ၍ တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ကို အောင်မြင်စွာ တည် ဆောက်ပြီးစီးခဲ့သည့်အတွက်  သံလျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန် မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊  သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည် ဖြစ်ပါသောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြု မည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ထားသည့်တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင် နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့်အတွေ့အကြုံများ ရရှိခဲ့ပြီး ကျွမ်းကျင်လုပ်သားများလည်းပေါ်ထွက်လာခဲ့ကြောင်းနှင့် အလုပ်အကိုင် အခွင့် အလမ်းများလည်း ပိုမိုရရှိစေခဲ့သည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)