စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇွန် ၂၂

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀-၆-၂၀၂၄ ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စွမ်းအင်နှင့်လျှပ်စစ် ဓာတ်အားဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့လုပ်ငန်း ဆပ်ကော်မတီကို ပေးအပ်ထားသည့် တာဝန် (၁၈)ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်း၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဆပ်ကော်မတီအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများအတွက် စွမ်းအင်နှင့်လျှပ်စစ် ဓာတ်အားဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆပ်ကော်မတီဝင်ဌာနများအနေဖြင့် မိမိတို့လျာထား လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခွင့်ပြုလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူ များက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် တင်ပြဆွေးနွေးရန်အတွက်လိုအပ်သည်များကို အချိန်မီပြုစု တင်ပြပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)