ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိ


လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့ နံနက် ၁ နာရီ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ ထွန်းကျော်၏ တောင်ယာတဲ ကို သတင်းအရရှာဖွေရာ ထွန်းကျော်၊ ဌေးဝင်း၊ ဇော်မြင့်နိုင်၊ သန်းထွန်းလေး၊ ကိုဖြိုး၊ ဇော်မင်းလှိုင်၊ မြင့်အေး၊ အောင်ကျော်ဆန်း၊ ထက်လင်းစိုးနှင့် စိုးလင်းအောင် တို့ ၁၀ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ပန်းတောင်းမြို့နယ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်မည် ဖြစ်ကြာင်းသိရှိရသဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြတ်သူဝင်း(ခ)နောင်နောင်နှင့် သိန်းစိုးတို့အပါအဝင် ၁၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)