ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာသင်ကြားနိုင်ရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာသင်ကြားနိုင်ရေး တွေ့ဆုံဆွေးနွေး

 




ပျဉ်းမနား၊ ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျောင်းနေရွယ်ကလေးများအားလုံး  ကျောင်းအပ်နှံနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်အောင်-၂ ဓမ္မာရုံ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက ရပ်ကွက်/ ကျေးရွာများအတွင်း ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ပြီး ကျောင်းသားကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းဝတ်စုံများထောက်ပံ့ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းနေရွယ်ကလေးငယ်များအား ပညာသင်ယူရမည့်အချိန်တွင် ပညာကိုဆုံးခန်းတိုင်အောင်သင်ယူနိုင်ရေးတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များက ကျောင်းနေရွယ်ကလေးများအား ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသားမိဘများအတွက် ဆန်နှင့်ကြက်ဉများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ပျဉ်းမနားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၉၉၁၁ ဦး တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လက်ရှိအချိန်ထိ ၃၄၁၃၆ ဦး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့သည်  လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာမှ ကျောင်းအပ်နှံခြင်းမပြုရသေးသည့် ကျောင်းနေရွယ်ကလေးများ မကျန်ရှိစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေးသည် ကလေးငယ်များ၏အနာဂတ် နိုင်ငံတော်၏မျိုးဆက်သစ်များအတွက် အလွန်အရေးပါကြောင်း၊ လူငယ်များကာယ၊ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ဟူသည့်ဗလငါးတန်နှင့် ပြည်စုံစေရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏သားငယ်သမီးငယ်များအား အချိန်မီကျောင်းအပ်နှံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်နှင့်ဗလာစာအုပ်များ၊ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးသီဟ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)