ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်




ပင်းတယ၊ ဇွန် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၂၀ ရှိရာ ယနေ့ နံနက်ပိုင်းတွင် စာသင်ကျောင်းအားလုံး ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ပြီး ကျောင်းသား/ကျောင်းသူ အနာဂတ်ကလေးငယ်များ အေးချမ်းစွာဖြင့် ပညာစတင်သင်ကြားနေပြီဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ကျောင်းသားလူငယ် များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ လမ်းညွှန်မှာကြားမှုဖြင့် ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူကျောင်းသား မိဘများ ပူးပေါင်းပါဝင်၍ ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်ခဲ့သည်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံ ရေး သီတင်းပတ်စီမံချက်အား အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

နောင်တချိန်တွင် တိုင်းပြည်၏ မျိုးဆက်သစ်အနာဂတ် ခေါင်းဆောင်များဖြစ်လာပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် အားကိုးအားထားဖြစ်လာနိုင်သည့် ကျောင်းသား/ကျောင်းသူလူငယ်များ ထွန်းကားပေါ်ပေါက်လာရေး အခြေခံပညာစာသင်ကျောင်းများမှ အခြေပြုတည်ဆောက်ရမည် ဖြစ်သည်နှင့်အညီ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် အားလုံးရာနှုန်းပြည့် ကျောင်းပညာများသင်ယူခွင့်ရရှိပြီး ဒေသအတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား ကြိုတင်စီမံဆောင်ရွက်ထားမှုကြောင့် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် စာသင်ကျောင်းအားလုံး ဖွင့်လှစ်နိုင်ပြီး အေးချမ်းစွာဖြင့် စတင်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။


အောင်ကိုဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)