ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့၌ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့၌ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး



လွိုင်ကော်၊ ဇွန်  ၄

ဇွန်လ (၃)ရက်နေ့မှစတင်၍ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်ဆောင်များ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပရဝုဏ်အတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ခန့်ထည်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းစာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးရုံးခန်း၌ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချူပ်က လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဇွန်(၄)ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အခြေခံပညာအလယ်တန်းကျောင်း ဒေါတမသို့ သွားရောက်၍ ကျောင်းသား/သူများ ပညာသင်ကြားနေမှုများ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ခန့်ထည်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် အမှတ်(၅)အခြေခံပညာပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ ပညာသင်ကြားနေမှုများ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းခန်းမ၌ ဆရာ/ဆရာမများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကို မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ(၃)ရက်နေ့မှစတင်ကာ ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)