ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲသို့ လာရောက်သည့် တိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲသို့ လာရောက်သည့် တိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံ



ရန်ကုန်၊ ဇွန် ၃၀

အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှု မပြိုကွဲစေဘဲ ပိုမိုခိုင်မြဲစေရန်၊ ချစ်ကြည်ရင်းနှီးကြစေရန်နှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီးတွင် ကျင်းပဆောင်ရွက်လျက်ရှိသည်။

ထိုသို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်တွင် ပါဝင်ကြမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူငယ်မောင်မယ်များနှင့်တွေ့ဆုံပွဲကို ၂၈-၆-၂၀၂၄ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ ကျင်းပရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအနုပညာရှင် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသူများနှင့် အထူးဧည့်သည် တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်က ယနေ့ကျင်းပသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲသည် ရန်ကုန် တိုင်းဒေသကြီးအတွင်းသာမက ပဲခူးတိုင်းဒေသကြီးအတွင်း၌ နေထိုင်သည့် တိုင်းရင်းသားများ ပါဝင်သည့်အတွက် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်စည်းလုံးမှုများ ရရှိလာပြီး တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ကွန်ရက်သဖွယ် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အားလုံးအတူတကွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်က မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ အမျိုးသား ရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးသည် လွန်စွာအရေးကြီးသည့်အတွက် တိုင်းရင်းသား များအားလုံးက စဉ်ဆက်မပြတ် အလေးထားဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း တတ်အားသရွေ့ အပြုသဘောစိတ်ဓာတ်ဖြင့် ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးတို့သည် မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းကိစ္စရပ်များကို ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြစေလိုပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ တိုင်းရင်းသား ပြည်သူများအားလုံး မျှော်လင့်တောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ အားကြိုးမာန်တက်ဖြင့် အစွမ်းကုန်ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ လူငယ်မောင်မယ်အကအဖွဲ့များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများဖြင့် သီဆိုကပြဖျော်ဖြေ ကြပြီး တိုင်းရင်းသားလူငယ်မောင်မယ်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့် အတူတကွ “ပြည်ထောင်စုသွေး” သီချင်းဖြင့် စုပေါင်းယိမ်းအကကို သီဆိုဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)