သီပေါမြို့နယ်ရှိ မိုးတေ၊ ဆွတ်လုံးနှင့် ဆွတ်လန်းကျေးရွာများနှင့် ဝန်းကျင်တစ်ဝိုက်တွင် MNDAA သောင်းကျန်းသူ ၂၇၀ ဦးခန့် ဖြန့်ခွဲရောက်ရှိနေကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်ရှိ မိုးတေ၊ ဆွတ်လုံးနှင့် ဆွတ်လန်းကျေးရွာများနှင့် ဝန်းကျင်တစ်ဝိုက်တွင် MNDAA သောင်းကျန်းသူ ၂၇၀ ဦးခန့် ဖြန့်ခွဲရောက်ရှိနေကြောင်း သိရ


သီပေါ၊ ဇွန် ၃၀

သီပေါမြို့နယ်ရှိ မိုးတေ၊ ဆွတ်လုံးနှင့် ဆွတ်လန်းကျေးရွာများနှင့် ဝန်းကျင်တစ်ဝိုက်တွင် MNDAA သောင်းကျန်းသူ ၂၇၀ ဦးခန့် သီပေါမြို့ကို တိုက်ခိုက်နေသည့် အဖွဲ့များအတွက် အင်အားဖြည့်တင်းရန် ဖြန့်ခွဲထားရှိပြီး ဆွတ်လန်းကျေးရွာတွင် လက်နက်ကြီး/ ခဲယမ်းများ စုစည်းထားကြောင်း ဒေသခံသတင်းများအရ သိရသည်။

ဇွန်လ ၂၆ ရက်နေ့က နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာ၌ ဖြန့်ခွဲအခြေပြုလျက်ရှိသည့် MNDAA  သောင်းကျန်းသူအဖွဲ့၊ အင်အား ၂၇၀ ဦးခန့်မှ ယူနီဖောင်းဝတ်/ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် လက်နက်ကြီး၊ ခဲယမ်းများဖြင့် အင်အား ၇၀ ဦးခန့်သည် သီပေါမြို့နယ်၊ မိုးတေကျေးရွာ ဝန်းကျင်တစ်ဝိုက်တွင်လည်းကောင်း၊ အင်အား ၁၅၀ ဦးခန့်သည် သီပေါမြို့နယ်၊ ဆွတ်လုံးကျေးရွာဝန်းကျင်တစ်ဝိုက်တွင်လည်းကောင်း၊ အင်အား ၅၀ ဦးခန့်သည် သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေးရွာရှိ TNLA/PDF အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၊ အင်အား ၅၀ ဦးခန့်နှင့် ပူးပေါင်း၍ ပေါင်း ၁၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ အသီးသီးရောက်ရှိ ဖြန့်ခွဲအခြေပြုလျက်ရှိပြီး အဆိုပါအဖွဲ့များအနေဖြင့် သီပေါမြို့ကို တိုက်ခိုက်နေသည့် အဖွဲ့များအား အင်အားဖြည့်တင်းခြင်းဖြစ်ကြောင်းနှင့် ဆွတ်လုံးကျေးရွာတွင် လက်နက်ကြီး၊ ခဲယမ်းများ စုစည်းထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)