လှည်းကူးမြို့နယ် သာယာကုန်းကျေးရွာတွင် မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် သာယာကုန်းကျေးရွာတွင် မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲ ကျင်းပ




လှည်းကူး၊ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ဇွန်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက (ကရင်မထိပ်ဆောင်းမျိုး) မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပခြင်းကို သာယာကုန်းကျေးရွာ ကွင်းအမှတ် (၉၈၅-B)၊ ဦးပိုင်အမှတ်(၂၂/က) တောင်သူ ဒေါ်လီလီစမ်း၏ လယ်မြေ (၃.၀၀) ဧကပေါ်တွင် ကျင်းပပြုလုပ်သည်။

မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ (seeder) စနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ရမည့် နည်းစနစ်များကို တောင်သူများအား အသိပညာပေး ဟောပြောဆွေးနွေးသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ ဒေါ်လီလီစမ်း၏ လယ်မြေ (၃.၀၀) ဧကပေါ်တွင် (ကရင်မထိပ်ဆောင်းမျိုး) မိုးစပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပြသပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အေးအေးနွဲ့

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)