လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားအောင်ပြု လုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားအောင်ပြု လုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား

 


နေပြည်တော်၊ ဇူလိုင် ၆

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားအောင်ပြု လုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရန် ထည့်သွင်းပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလတစ်လျှောက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုး တက်ပြောင်းလဲမှုဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့သည်များ၊ တိုးတက်မှုများ၊ နိုင်ငံတော် အတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သူရှိကြောင်း၊ ဥပမာအားဖြင့် မိမိတို့အစိုးရ လက်ထက်တွင် နေပြည်တော်၌ Naypyitaw State Academy ၊ နေပြည်တော် နည်းပညာတက္ကသိုလ်နှင့် အခြားတံတားများ၊ လမ်းများကိုတည်ဆောက်ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊  ထို့အပြင် အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီးနစ်နာမှုများကိုလည်း မှန်မှန်ကန်ကန်ဖြင့် စာရင်းပြုစုမှတ်တမ်းထားရှိရန်လိုကြောင်း၊ မှတ်တမ်းများသည် သမိုင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မှတ်တမ်းမှတ်ရာများ ရေးမှတ်မှုအားနည်းသဖြင့် အချို့သမိုင်းမှတ်တမ်းများသည် ပျောက်ပျက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် မှတ်တမ်းတင်ပြုစုသည့် အလေ့အကျင့်ကို အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေရန် အလေးထား ဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားအောင်ပြု လုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းစာဖတ်ခြင်းမှတစ်ဆင့် အသိပညာကောင်းများ ရရှိလာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက် လိုသည့် အပြုသဘောဆောင်သည့် စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ကြောင်း။

နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များရှိကြောင်း၊ ၎င်း တို့ကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ် များနှင့် ပတ်သက်၍ ဘဏ်စနစ်ကို ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိ သဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

INGO ၊ NGO များ နှင့်ပတ်သက်၍လည်း အသင်းအဖွဲ့များစည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကို အကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO ၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ပြည်ပနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံး လျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ပေါ်တွင်အခြေခံ၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့်  ပြည်ပနိုင်ငံများနှင့်နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး များ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆက်ဆံဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)