ရွှေတောင် ၊ ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊သရက်တောရပ်ကွက် ၊ရွှေဂူကြီးဘုရားဓမ္မာရုံတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွေ့နေထိုင်သည့် အိမ်ထောင်စုများရှိ လူဦးရေ တို့အား ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ များကို ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇူလိုင် ( ၁၆) ရက်နေ့မှ ( ၁၇) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဘေးလွတ်ကင်းသည့် နေရာသို့ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရပ်ကွက် ( ၂) ရပ်ကွက် ၊ကျေးရွာ အုပ်စု ( ၆) အုပ်စုတို့မှ အိမ်ခြေ(၆၂၃)အိမ်၊ အိမ်ထောင်စု ( ၆၆၇)စုတို့ရှိ လူဦးရေ ( ၂၁၁၁) ဦးတို့အား ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူ ( ၁) ဦးလျှင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ( ၈၈၆၆၂၀၀ိ /-) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို နှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment