တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ထားဝယ်  ၊  ဇူလိုင်  ၃


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတ်မှတ်ထားသည့် ဂုဏ်ပြုဆုငွေများနှင့်ပတ်သက်၍ တက်ရောက်လာသူများအနေဖြင့် အကြံဉာဏ်များ၊ လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၆ ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ၅ ဘာသာ (၉)ဦး၊ ၄ ဘာသာ (၈)ဦး၊ ၃ ဘာသာ (၁၃)ဦး၊ ၂ ဘာသာ (၄၅)ဦး၊ တစ်ဘာသာ (၁၂၆)ဦး၊ စုစုပေါင်း (၂၀၄)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း၊ စာမေးပွဲတွင် ကျောင်းသား/သူများ၏ ကြိုးစားထားမှုများ၊ ဉာဏ်ရည်မြင့်မားသူများရှိသကဲ့သို့ သင်ကြားသည့် ဆရာ/မများကလည်း သင်ကြားပြသပေးနိုင်သည့်အတွက် အရည်အသွေးရှိသော ကျောင်းသား/သူများ ဂုဏ်ထူးထွက်ရှိသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တိုင်းဒေသကြီးတွင် ကျောင်းသားတစ်ဦး ဘောဂဗေဒဘာသာရပ်၌ ပထမရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယခုနှစ် ထူးချွန်စွာအောင်မြင်ခဲ့သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ထူးရဘာသာအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်သွားမှာဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော အကြံဉာဏ်များပေးပြီး လစ်ဟမှုမရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ဂုဏ်ပြုပွဲအခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)