မှော်ဘီမြို့နယ်၌ ခရိုင်လူငယ်ရေးရာကော်မတီနှင့်မြို့နယ်လူငယ်ရေးရာကော်မတီများ၏(၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ ခရိုင်လူငယ်ရေးရာကော်မတီနှင့်မြို့နယ်လူငယ်ရေးရာကော်မတီများ၏(၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကျင်းပ






မှော်ဘီ(ရန်ကုန် ) ၊ ဇူလိုင်(၁၉)ရက်


ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်လူငယ်ရေးရာကော်မတီနှင့်မြို့နယ်လူငယ်ရေးရာကော်မတီများ၏အမှတ်စဉ်(၁/၂၀၂၄)ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပသည်။


လူငယ်ရေးရာကော်မတီ၏မူဝါဒ၊ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်များအကြောင်းကို သိရှိစေရန်အတွက် အမှတ်စဉ်(၁/၂၀၂၄)လူငယ်ရေးရာကော်မတီလုပ် ငန်းညှိနှိုင်းအစည်းကိုကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီးလူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်နှင့်မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) မှော်ဘီခရိုင်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌဦးထင်ကျော်ကလူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍အမှာစကားပြောကြားခဲ့ကြ သည်။


ဆက်လက်၍တက်ရောက်လာကြသည့်ခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့်မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များကလူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စရပ်များ၊လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနေမှုများနှင့်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။ 


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းသို့ခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊မြို့နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်ကင်းထောက် ကိုယ်စားလှယ်များ၊မြောင်တကာစီမံခန့်ခွဲရေးကော်မတီမှတာဝန်ရှိသူများ၊ခရိုင်/မြို့နယ်အမျိုးသမီး ကိုယ်စားလှယ်များ၊မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)