နေပြည်တော်၊ ဇူလိုင် ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဇူလိုင်လ ၁၄ ရက်နေ့ ၀၈၀၅ အချိန် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်ထက်ကိုကို မောင်းနှင်ပြီး နိုင်နိုင်ထွန်း(ခ)နိုင်ထွန်း၊ ခွန်းအောင်(ခ)အောင်ဟိန်း နှင့် သန်းစိုးလင်း တို့လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ရာနိုက် အလေးချိန် ၅၂၅၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၂.၅ သိန်း)၊ မြန်မာငွေကျပ်သိန်း ၄၀ နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၁၇ ၀၀ အချိန် အဆိုပါ ထိန်းချုပ်ပစ္စည်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သက်ပိုင်စိုး(ခ)သက်ပိုင် အား မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၂၀၀၀ အချိန် နန်းဦး နှင့် ထက်လင်း တို့အား မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် မြန်မာငွေကျပ်သိန်း ၁၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် နိုင်နိုင်ထွန်း(ခ)နိုင်ထွန်း(၃၀)နှစ်၊ ခွန်းအောင်(ခ)အောင်ဟိန်း(၃၈)နှစ်၊ သန်းစိုးလင်း(၂၈)နှစ်၊ သက်ပိုင်စိုး(ခ)သက်ပိုင်(၂၉)နှစ်၊ နန်းဦး(၂၉)နှစ် နှင့် ထက်လင်း(၃၀)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment