ထားဝယ်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်သည့်ပြင်ဆင်ချက် စာချုပ်နှင့် တတိယအကြိမ် သက်တမ်းတိုးသည့် ပြင်ဆင်ချက် သဘောတူစာချုပ်များအား လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်သည့်ပြင်ဆင်ချက် စာချုပ်နှင့် တတိယအကြိမ် သက်တမ်းတိုးသည့် ပြင်ဆင်ချက် သဘောတူစာချုပ်များအား လက်မှတ်ရေးထိုး






ထားဝယ်၊ ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်သည့် ပြင်ဆင်ချက်စာချုပ်နှင့် တတိယအကြိမ် သက်တမ်းတိုးသည့် ပြင်ဆင်ချက်သဘောတူစာချုပ်များ အားလက်မှတ်ရေးထိုးချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကိုအောင်နိုင် (ဖိုးသီးချို)Co.,Ltdတို့အကြား ချုပ်ဆိုမည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား(၆) မဂ္ဂါဝပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရန် မူလချုပ်ဆိုသည့် သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပြင်ဆင်ချက်စာချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့၊ ပလခွဲရုံ၊ ပလောက်မြို့၊ ပြင်ဘုကြီးကျွန်းတို့တွင်လည်းကောင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းတွင်လည်းကောင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီမြို့၊ မောတောင်မြို့၊ ဘန်းလမွတ်ရွာ၊ ညောင်ပင်ကွင်းကျေးရွာတို့တွင်လည်းကောင်း၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ကရသူရိမြို့တို့တွင်လည်းကောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တတိယအကြိမ် သက်တမ်းတိုးသည့် ပြင်ဆင်ချက် သဘောတူစာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် စာချုပ်များအား တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)