ကျောက်ဆည်မြို့တွင် အခမ်းအနားများကျင်းပရာတွင် အောင်မြင်စွာကျင်းပနိုင်ရေး အခမ်းအနားမှူး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် အခမ်းအနားများကျင်းပရာတွင် အောင်မြင်စွာကျင်းပနိုင်ရေး အခမ်းအနားမှူး သင်တန်းဖွင့်




ကျောက်ဆည်   ၊ ဇူလိုင်  ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားများကျင်းပပြုလုပ်ရာတွင် အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အခမ်းအနားမှူးသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခမ်းအနားမှူးအဓိပ္ပာယ်နှင့် အခမ်းအနားမှူးတစ်ယောက်တွင် ရှိရမည့်အရည်အချင်းများဖြစ်သည့် သတ္တိ၊သတိ၊သိတတ်မှုများ၊ ရုပ်ပိုင်းဆိုင်ရာများဖြစ်သည့် မျက်နှာ၊ ဆံပင်၊ ဝတ်စားဆင်ယင်ချယ်သမှု၊ ကိုယ်ဟန်အမူအယာ၊ ကျန်းမာရေးနှင့် စိတ်ပိုင်း ဆိုင်ရာများ၊ အသံပိုင်းဆိုင်ရာများဖြစ်သည့် စကားပြော၊ လေယူလေသိမ်း၊ အဖြတ်အတောက်၊ အသံထွက်ပုံများ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာပြောကြားရေး၊ အစီအစဉ်အပြောင်းအလဲနှင့် ကြားဖြတ်ကြေညာခြင်းများ ထူးခြားသောအခမ်းအနားများအကြောင်းကိုလည်းကောင်း ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အခမ်းအနားမှူးများ ကြိုတင်ပြင်ဆင်ထားရမည့် အစမ်းလေ့ကျင့်မှု၊ အချိန်ကိုက်မှု၊ မိုက်ကရိုဖုန်းအသုံးပြုပုံများနှင့် စာရေးဆရာမသီတဂူ (ကျောက်ဆည်)က အခမ်းအနား ပြင်ဆင်ထားရှိမှု၊ အတူတွဲ၍ လုပ်ကိုင်ရမည့်သူများနှင့်ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရမှုများနှင့် အခမ်းအနားအမျိုးမျိုးအကြောင်းများကို စာတွေ့လက်တွေ့ သင်ကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားမှူးသင်တန်းတွင် မြို့နယ်သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ  ဆရာမများ၊ကျောင်းသူများ စုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ၂၀၂၄ ခုနှစ် ဇူလိုင် (၂၅)ရက်နေ့မှ(၂၆)ရက်နေ့အထိ စာတွေ့လက်တွေ့(၂)ရက်ကြာအခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းတွင်ထူးချွန်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။


သက်မောင်၊ ကျောက်ဆည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)