ထားဝယ်မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ






ထားဝယ်၊ ဇူလိုင် ၃

ယနေ့တွင်ကျရောက်သည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာအမျိုးသမီးများနေ့တွင်တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ရှိသော အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှဲစွာဂုဏ်ပြုပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW)ပါ ကတိကဝတ်များနှင့်အကြံပြုသုံးသပ်ချက် များ၊  ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေး နယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ခုနှစ်တွင် စီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း  (Phase II)ကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဦးဆောင်ပြီးဆက်စပ် ဝန်ကြီးဌာန များနှင့်အဖွဲ့အစည်းများကဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့်ဦးစားပေးကဏ္ဍများဖြစ်သည့်ငြိမ်းချမ်း ရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်ရွယ်များအပေါ်အကြမ်းဖက်မှု လျော့နည်းပပျောက်ရေး  နှင့်သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည် စွမ်းအားမြင့်မားစေရေးတို့အတွက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိဆက်စပ်ဌာနအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျား/မတန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏အခွင့်အရေးများကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်နိုင်ငံတော်အနေဖြင့်ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့်အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ပြီးမြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်  မှတ်တမ်းတင်Video ပြသမှုနှင့်မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ က စည်းလုံးစို့လေသွေးချင်း တို့ရဲ့ပြည်သီချင်း ဖြင့် ဖျော်ဖြေတင်ဆက်မှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ က ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)