တောင်ကုတ် ၊ ဇူလိုင် ၂၅
တောင်ကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း သဖြင့်ယနေ့နံနက်ပိုင်းမှစ၍ တောင်ကုတ်ချောင်းမှရေများ၀င်ရောက်သဖြင့် မြို့ပေါ်ရပ်ကွက်နှင့်အနိမ့်ပိုင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှုကြောင့်တောင်ကုတ်ချောင်းနံဘေးနှင့်အနိမ့်ပိုင်းရပ်ကွက်ရှိပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရေးအတွက် ခရိုင်သဘာ၀ဘေးစီမံခန့်ခွဲရေးကော်မတီ ၏ စီစဉ် မှုဖြင့်မြို့ပေါ် ၌ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၀င်များ ၊ မီးသတ်တပ်ဖွဲ့၀င်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment