ပေါင် ၊ ဇူလိုင် ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်းရှိဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်ရှိ အန္တရာယ်ရှိသောနေရာများအား သွားရောက်ရေကစားခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်းကို ယနေ့နံနက် ပိုင်းကအဆိုပါ ရေတံခွန်များ၌ စတင်ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးမြတ်ကိုကိုနှင့်တပ်ဖွဲ့ဝင်များသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များ၊ ရေတံခွန်နှင့်ပတ်သက်သည့်တာဝန်ရှိသူများ က အန္တရာယ်ရှိသည် ဖြတ်သန်းသွားလာခြင်းမပြုရ ဆိုင်းဘုတ်များကို ရေတံခွန်များ၏အန္တရာယ်ရှိသည့်နေရာများတွင် သွားရောက်၍ သတိပေးဆိုင်းဘုတ်များကို စိုက်ထူးခဲ့ကြသည်။
ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မိုးတွင်းကာလဖြစ်သည့်အတွက် ရေစီးသန်သည့်နေရာများတွင် ရေစီးနှင့်အတူမျောပါနိုင်ခြင်း ရေစီးသန်နေသောကြောင့် ကျောက်ကြားတွင်ညှပ်၍ မမျှော်မှန်းနိုင်သော အသက်ဆုံးရှုံးမှု မဖြစ်ပွားစေရန် ရည်ရွယ်၍ သတိပေးဆိုင်းဘုတ်များစိုက်ထူ ရခြင်းဖြစ်ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment