ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဗန်းမော်ခရိုင်အတွင်း လူဦးရေ လေးထောင်ကျော် ရေဘေးလွတ်ရာပြောင်းရွေ့နေထိုင်ရပြီး သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဗန်းမော်ခရိုင်အတွင်း လူဦးရေ လေးထောင်ကျော် ရေဘေးလွတ်ရာပြောင်းရွေ့နေထိုင်ရပြီး သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိ




ဗန်းမော်၊ ဇူလိုင် ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် လူဦးရေလေးထောင်ကျော် ရေဘေးလွတ်ရာနေထိုင်များသို့ ပြောင်းရွေ့နေထိုင်ရပြီး သက်ဆိုင်ရာမှလည်း လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ဗန်းမော်မြို့နယ်အတွင်း ရေနိမ့်ပိုင်းရှိ အိမ်ခြေများသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်  ဇူလိုင် ၁ ရက်မှ ၄ ရက်နေ့ မွန်းလွဲပိုင်းအထိ ပေါက်ကုန်းရပ်ကွက် ဓမ္မကာရုံဘုန်ကြီးကျောင်းတွင် အိမ်ထောင်စု (၂၄၁)စု လူဦးရေ (၁၀၅၃)ဦး၊ ညောင်ပင်ရပ်ကွက်ရှိ အလက-၁ ကျောင်းတွင် အိမ်ထောင်စု (၁၀၂)စု လူဦးရေ (၃၅၀)ဦး၊ သာစည်ရပ်ကွက်ရှိ အမက-၃ မူလွန်ကျောင်းတွင် အိမ်ထောင်စု (၅၉)စု လူဦးရေ(၂၀၆)ဦးနှင့် အမက-၄ မူလွန်ကျောင်းတွင် အိမ်ထောင်စု (၅၉)စု လူဦးရေ (၂၄၉)ဦး၊ ညောင်ပင်ရပ်ကွက်ရှိ တောင်လေးလုံးဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု (၅၅)စု လူဦးရေ (၂၆၄)ဦး၊ ရွှေကျီးနားရပ်ကွက်ရှိ အထက- ၆ ကျောင်းတွင် အိမ်ထောင်စု (၂၇)စု လူဦးရေ (၁၁၈)ဦး၊ မံပင်ကျေးရွာရှိ အမကကျောင်းတွင် အိမ်ထောင်စု (၆၁)စု လူဦးရေ (၃၉၄)ဦး၊ မံမလင်းကျေးရွာ ထီးလင်းဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု (၅)စု လူဦးရေ (၂၅)ဦး၊ သဖန်းကျေးရွာ အလကကျောင်းတွင် အိမ်ထောင်စု (၁၂၀)စု လူဦးရေ (၈၄၁)ဦး စုစုပေါင်းအိမ်ထောင်စု (၇၂၉)စု လူဦးရေ (၃၅၀၀)ဦး ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့်အသုံးအဆောင်များထောက်ပံ့ပေးအပ်ခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ  ရွှေကူမြို့နယ်အတွင်း ရေနိမ့်ပိုင်းရှိ အိမ်ခြေများသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်  ဇူလိုင် ၁ ရက်မှ ၄ ရက်နေ့ မွန်းလွဲပိုင်းအထိ အမှတ်(၁)ရပ်ကွက်ရှိ ခုံခမ်းဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၅)စု လူဦးရေ (၂၅)ဦး၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေမြင်းတတင်ခန်းမတွင် အိမ်ထောင်စု (၂၆)စု လူဦးရေ (၉၈)ဦး၊ အမှတ်(၃)ရပ်ကွက်ရှိ အောင်တော်မူဘုရားဝင်းတွင် အိမ်ထောင်စု (၄)စု လူဦးရေ (၁၈)ဦးနှင့် ပုပ်ပါရုံဘုနျးကွီးကြောငျးတှငျ အိမ်ထောင်စု (၁၈)စု လူဦးရေ (၉၄)ဦး၊ အမှတ်(၄)ရပ်ကွက် (တောပုန်းကျေးရွာအုပ်စု)ရှိ မြဝတီဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု (၆၅)စု လူဦးရေ (၂၆၈)ဦးနှင့် သူဋ္ဌေးတောရဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၁၆)စု လူဦးရေ (၇၂)ဦး စုစုပေါင်းအိမ်ထောင်စု (၁၃၄)စု လူဦးရေ(၅၇၅)ဦး ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် ၅ ရက် နံနက် ၆ နာရီအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့နယ်၌ စိုးရိမ်ရေအမှတ် (၁၁၅၀)စင်တီမီတာထက်ကျော်လွန်နေပြီး (၁၂၇၆)စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ ရွှေကူမြို့နယ်တွင် စိုးရိမ်ရေအမှတ် (၉၃၀)စင်တီမီတာထက် ကျော်လွန်နေပြီး (၁၀၂၁)စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)