အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများအပေါ် ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် သဘောထားထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများအပေါ် ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် သဘောထားထုတ်ပြန်ချက်


အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများအပေါ်

ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် သဘောထားထုတ်ပြန်ချက်


ရက်စွဲ ။  ။ ၁၁ - ၇ - ၂၀၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် MNDAA, TNLA, AA, PDF အကြမ်းဖက်အဖွဲ့များက တိုက်ပွဲများ ဖော် ဆောင်၍ အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကို ဆိုးရွားစွာ လုပ်ဆောင်နေ ပါသည်။

လားရှိုးမြို့အတွင်းသို့ MNDAA အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးများ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်။ ယနေ့ (၁၁-၇-၂၀၂)ရက်နေ့တွင်လည်း MNDAA အကြမ်းဖက်အဖွဲ့က ပစ်ခတ်သည့် ရှော့တိုက်ဒုံး လားရှိုးမြို့အတွင်း ကျရောက်ပေါက်ကွဲပြီး မီးဟုန်းဟုန်းတောက်လောင်လျှက်ရှိပါသည်။ အလားတူ နောင်ချို မြို့မှာလည်း TNLA/PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် မြို့ပျက်လုနီးပါး ဖြစ်ခဲ့ရပါသည်။

အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ဘဝ ရောက် နေရပြီး အတိဒုက္ခများ ကြုံတွေ့နေကြရပါသည်။

MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များသည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးဟု ခေါင်းစဉ်တပ်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြပြီး အပြစ်မဲ့ အရပ်သားပြည်သူများ အတိဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်ပြည်သူများ လက်မခံ နိုင်သည့် ဘာသာရေးကို ရည်ရွယ်ချက်ရှိရှိ စော်ကားသည့် လုပ်ရပ်များကိုလည်း ပြောင်ပြောင်တင်း ကျူး လွန်လာခဲ့သည်ဖြစ်ရာ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် တောင်း ဆိုခဲ့ကြပါသည်။

ယခုအခါ တကျော့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လာရာတွင်လည်း MNDAA, TNLA, AA, PDF အကြမ်း ဖက်အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး၊ အပိုင်း(၂) ဟု ခေါင်းစဉ်တပ်၍ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် ပြတ်သားစွာ ကန့်ကွက် ရှုံ့ချသည်။ တာဝန်ရှိသူများ အနေဖြင့် အကြမ်းဖက်အဖွဲ့များကို ပြင်းထန် ပြတ်သားစွာ အမြန်ဆုံးနှိမ်နင်း၍ အပြစ်မဲ့ ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ပါရန် လေးစားစွာ တိုက်တွန်း တောင်းဆိုသည်။


Myanmar National Network

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)