ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကြံခင်းမြို့ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကြံခင်းမြို့ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်







ကြံခင်း၊ ဇူလိုင်  ၂၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သော ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား  တက်ရောက်ကြသည်။  

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးအဖွဲ့ဝင်များက မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမရှိ ယာယီ ရေဘေးရှောင်ပြည်သူ ၇၀ ဦးအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် နှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး နှင့် ဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။ ယင်းနောက် ကြံခင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်လာမှုကြောင့် ကျေးရွာ၊ အုပ်စုအလိုက် မိုးသီးနှံများ ရေကြီးနစ်မြုပ်မှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပါ် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ရေဘေးရှောင် အိမ်ထောင်စု ၇၀ အတွက် ဆန်  ၂၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၁၂ ထုပ်၊ ဆား ၂၅၆ ထုပ်၊ ကြက်ဥ ၁၂၈၀ လုံး၊ ရေသန့် ၂၅၆ ဘူး နှင့် ရေသန့်ဆေးပြား ၁၆၀၀ ကဒ်ကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)