ကြံခင်း၊ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်း များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက သွားရောက်ပြီး ထမင်းထုပ်၊ စားသောက် ဖွယ်ရာများကို ယနေ့ နက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
ဦးစွာ မြို့မရပ်ကွက်ရှိ တာဝတိံသာဇာတ်ရုံနှင့် ထားဝယ်ဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေး ရှောင်စခန်းသို့သွားရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ရေးဘေးရှောင်ဒေသခံ ပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မိသားစု အချင်းချင်းဖေးမကူညီကာ မိသားစုစိတ်ဖြင့်နေထိုင်ကြရန်နှင့် မိမိတို့နေထိုင်စဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ ဇာတ်ရုံ အတွင်းအပြင် သန့်ရှင်းစေရေး ပူပေါင်းဆောင်ရွက်သွားကြရန်ပြောကြားပြီး အလှူရှင်မိသားစုများက လှူဒါန်းသည့် ထမင်းထုပ်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဗူးများအား အိမ်ထောင်စု ၆၇ စု လူဦးရေ ၂၁၀ ဦး အားလည်းကောင်း၊ တလိုင်းကွေးကျေးရွာရှိ အိမ်ထောင်စု ၆၄ စုအတွက် ဆန်၊ ထမင်းထုပ်နှင့် ရေသန်ဗူး များလည်းကောင်း သွားရောက်လှူဒါန်းပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင် ရွှေဖူးသစ် စိန်ရွှေ ရတနာဆိုင်မိသားစုနှင့်အတူ ဆုံလဲအုပ်စု၊ သစ်ဆိမ့်ကုန်းဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးရှောင် စခန်းသို့သွားရောက်ပြီး အိမ်ထောင်စု ၆၃ စု၊ ဆိပ်သာရွာ အိမ်ထောင်စု ၂၄ စု၊ သပြေလှရွာ အိမ်ထောင်စု ၂၀ စုတို့အား ဆန်၊ ကြက်ဥနှင့်ရေသန့်ဗူးအား အလှူရှင်မိသားစုနှင့်အတူ လှူဒါန်းပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျန်းမာရေးဆိုင်ရာအသိပညားပေးဟောပြောသည်။
ဆက်လက်၍ ရွှေတောင်စုရပ်ကွက်ရှိ အား/ကာ မိုးလုံလေလုံခန်းမနှင့် ဖိုးရှိုးဆိပ်ကမ်းဂိုဒေါင်တို့ တွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်အိမ်ထောင်စု ၁၃၁ စု အား ထမင်းထုပ်၊ ဆန်၊ ကြက်ဥနှင့် ရေသန့်ဗူးများ လှူဒါန်းပေးလျက်ရှိရာ ကြံခင်းမြို့နယ်အတွင်း ယာယီရေဘေးရှောင်အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၈၂၆ ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရသိရသည်။
ဖြိုးဝေလင်း
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment