Pages

Pages

ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များပြောင်းရွှေ့







ပေါင်၊ ဇူလိုင် ၃၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၇)လုံးတို့အား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ပြောင်းရွှေ့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက  နီးစပ်ရာ ဆွေမျိုးများအိမ်သို့   ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

လက်ပံကျွန်းကျေးရွာသည်  မုတ္တမ ပင်ကွေ့ ဒေသတွင် တည်ရှိ၍ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဉ်ရေတိုက်စားကာကမ်းပြိုကျလာမှုကြောင့် လူနေအိမ်များပြောင်းရွှေ့နေရကြောင်းသိရသည်။


မွန်မလေး 

#MyanmarNationalPost

No comments:

Post a Comment