Pages

Pages

အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသော ငွေစက္ကူ ၂၀၀၀၀ တန်များ လူထုကြားဖြန့်ဝေနေပြီ ဆိုခြင်းမှာ မဟုတ်မမှန်သတင်းဖြစ်ကြောင်း ဗဟိုဘဏ်က ဖြေကြား



နေပြည်တော်၊ ဇူလိုင် ၃၁

အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသော ငွေစက္ကူ ၂၀၀၀၀ တန်များ လူထုကြား ဖြန့်ဝေသုံးစွဲနေပြီ ဆိုသော သတင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်အပေါ် မဟုတ်မမှန် သတင်းဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ ဖြေကြားထားသည်။

ကျပ်နှစ်သောင်းတန်ငွေစက္ကူကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က စတင်ကာ အကန့်အသတ်ဖြင့် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အများပြည်သူကို ဟောင်းနွမ်းငွေစက္ကူများ လဲရာတွင် အထိမ်းအမှတ်အဖြစ် သိမ်းဆည်းထားနိုင်ရန် ထုတ်ပေးနေခြင်းဖြစ်သည်။ ကျပ်နှစ်သောင်းတန် ငွေစက္ကူအမျိုးအစားအသစ်ကို ဟောင်းနွမ်းငွေစက္ကူ ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၃၀ ထိ လဲလှယ်လျင် ကျပ်နှစ်သောင်းတန် ၁ ရွက်၊ ကျပ်သိန်း ၃၀ အထက်မှ ကျပ်သိန်း ၆၀ အထိ လှဲလှယ်လျင် ကျပ်နှစ်သောင်းတန် ၂ ရွက်၊ ကျပ်သိန်း ၆၀ အထက်မှ ကျပ်သိန်း ၁၀၀ အထိ လဲလှယ်လျင်  ကျပ် နှစ်သောင်းတန် ၃ ရွက် အမှတ်တရ သိမ်းဆည်းထားနိုင်ရန် ထည့်သွင်းလဲလှယ်ပေးမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။

ပြည်ဖျက်မီဒီယာများနှင့် ဝိသမလောဘသားများ သည် ငွေကြေးဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် မဟုတ်မမှန်သတင်းများကို လုပ်ကြံဖန်တီးရေးသား၍ အများပြည်သူကြား ဖြန့်ဝေလျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment