ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ ခေတ္တယာယီ စျေးရွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ ခေတ္တယာယီ စျေးရွေ့

 





ရွှေတောင် ၊ ဇူလိုင်  ၁၈

    ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ ခေတ္တယာယီ စျေးရွေ့ထားရှိကြောင်းသိရသည်။

    ရွှေတောင်မြို့မစျေးအတွင်းရေဝင်ရောက်ရှိ၍ စျေးရောင်းစျေးဝယ်များ၊ ဒေသခံပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူစားသောက်နေထိုင်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် ဝန်ထမ်းများက ရေဘေးလွတ်ရာ ကြာနီကန်ရပ်ကွက်၊ ကူကြီးလမ်းတွင် စျေးအင်္ဂါရပ်နှင့်အညီခေတ္တယာယီ စျေးရွေ့ပြောင်းထားရှိခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)