လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား


နေပြည်တော်၊ ဇူလိုင် ၆

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားသွားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုး သားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေး တွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် လုပ်ကိုင်နေထိုင်စားသောက်နိုင်ရေးတို့ပါဝင်ပြီး ကျယ်ပြန့်ပါကြောင်း။

လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုံခြုံမှုရှိသည့် ဒေသများရှိသကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် တရားဥပဒေ စိုးမိုးမှုလျော့ပါးလျက်ရှိသည့် မြို့နယ်များနှင့် ဒေသများ လည်းရှိကြောင်း၊ လူတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက လုံခြုံရေးဆိုင်ရာကိစ္စများအားကောင်း လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်၊ အဆင့်ဆင့်တို့တွင် လုံခြုံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ သွားလာဆောင် ရွက်ရာတွင် စနစ်တကျဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။

ကျောင်းသား၊ ကျောင်းသူများ ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ ဘေးကင်း လုံခြုံစွာဖြင့် စိတ်အေးချမ်းသာစွာသင်ယူနိုင်ရေး လိုအပ်သည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး အုပ်ချုပ်သူများ အနေဖြင့်  ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းဖွင့်လှစ်၍ရသည့် ဒေသ များ၌ ကျောင်းတက်ရောက်သူများ ရာနှုန်းပြည့် တက်ရောက်နိုင်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျဝိုင်းဝန်း ဆောင်ရွက် ပေးမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းနေရာခိုင်နှုန်းများနှင့် တန်းစဉ်ကူးပြောင်းမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေး ပိုင်းဆိုင်ရာများ တိုးတက်လာမည်ဆိုပါက ဒေသအလိုက် တိုးတက်ရေး၊ နိုင်ငံတိုးတက် ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာ သင်ကြားမှုမပြုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)