ပေါင်၊ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ဇူလိုင် (၁၇)ရက်နေ့ နံနက် ( ၉ ) နာရီ က နတ်ကြီးချောင်ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းကို ပေါင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း၊မြို့နယ်စားသုံးသူဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ပေါ်ဆန်းတစ်ပြည် လျှင် (၅၀၀ဝိ/-)ကျပ်၊ဧည့်မထတစ်ပြည်လျှင် (၃၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချပေးခဲ့ရာ ပြည်သူများမှ အဆင်ပြေစွာ ဝယ်ယူခဲ့ပြီး ပေါ်ဆန်း (၂၄)ပြည် ( ၁၀ )အိတ်နှင့် ဧည့်မထ(၂၄)ပြည်အိတ် ( ၄၀ )စုစုပေါင်း အိတ်( ၅၀ ) ရောင်းချပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment