Pages

Pages

စစ်တွေမြို့ပေါ်မှ စားသောက်ရေးခက်ခဲနေသော အခြေခံလူတန်းစားများအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဆန်၊ ပဲ အခြေခံစားသောက်ကုန်များ လှူဒါန်းပေးလျှက်ရှိ








စစ်တွေ၊ ဇူလိုင် ၁၅

ရခိုင်ပြည် စစ်ရေးကာလ၌ အခက်အခဲကြုံတွေ့နေကြသော ပြည်သူများအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  ဥက္ကဋ္ဌ ဆရာမကြီး စောမြရာဇာလင်း၏ မွေးနေ့အလှူ ဇူလိုင်လ (၁၃)ရက်နေ့ မှစ၍ ဇူလိုင် (၁၅) ရက်အထိ ဆန်၊ ပဲ ၊ ငရုတ် စသည့် အခြေခံရိက္ခာတချို့နှင့်ငွေသားတချို့ကို စစ်တွေမြို့၌ လူမျိုးမရွေး၊ ဘာသာမရွေး လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြဿနာများပေါ်ပေါက်လာချိန်တွင် ဒေသခံပြည်သူများ၏ အခက်အခဲကို တတ်စွမ်းသမျှ ကူညီဖြေရှင်းဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment