Pages

Pages

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မဘသ(ဗဟို)ဦးဆောင်ဆရာတော်ကြီး ၂ပါးနှင့် ဆရာတော်ဦးဝီရသူတို့အား ဝါဆိုဦးပူဇော်ကန်တော့ပွဲ ကျင်းပ

















နေပြည်တော်၊ ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မဘသ(ဗဟို)ဦးဆောင်ဆရာတော်ကြီး ၂ပါးကြသော တပ်ကုန်းမြို့မှ မဘသ(ဗဟို)ဆက်သွယ်ရေးတာဝန်ခံ ဘဒ္ဒန္တဝိစာရိန္ဒ၊ မဘသ(ဗဟို)ဦးဆောင် ဘဒ္ဒန္တဇနိန္ဒ (ရွှေအင်တောင်ဆရာတော်)နှင့် မန္တလေး မစိုးရိမ်တိုက်သစ်မှ အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူတို့အား ဝါဆိုဦးပူဇော်ကန်တော့ပွဲ ကို ယမန်နေ့ (၁၄-၇-၂၀၂၄) ရက်နေ့က လယ်ဝေးမြို့၊ ရွှေအင်တောင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မဘသ(ဗဟို)ဆက်သွယ်ရေးတာဝန်ခံ ဘဒ္ဒန္တဝိစာရိန္ဒ၊ မဘသ(ဗဟို)ဦးဆောင် ဘဒ္ဒန္တဇနိန္ဒ (ရွှေအင်တောင်ဆရာတော်)တို့မှ သြဝါဒများ မိန့်ကြားချီးမြှင့်ပြီး မန္တလေး မစိုးရိမ်တိုက်သစ်မှ အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူ က "ညီညွတ်ခြင်း" သြဝါဒကို မိန့်ကြားခဲ့ပြီး ညီတော်နောင်တော် သံဃာတော်များ၊ အမျိုးသားရေးညီအစ်ကိုမောင်နှမများအနေဖြင့် နတ်မြတ်နတ်ကောင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူရသည်အထိ ညီညွတ်ကြရန် မိန့်ကြားဆုံးမသွားခဲ့သည်။

ဆရာတော်များအား ဝါဆိုဦးကန်တော့ပွဲ ကျင်းပရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မဘသဆရာတော်များက ဦးဆောင်စီစဉ်ခဲ့ပြီး မဘသဆရာတော်များ၊ အမျိုးသားရေးညီအစ်ကိုမောင်နှမများက စုပေါင်းပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။


ဓာတ်ပုံ - စစ်မင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment