ဘီးလင်း၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ ဘီးလင်းမြစ်ရေမြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၄ ခု နှင့် ကျေးရွာ ၆ ရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါရေဘေးဒဏ်ခံရသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သည့် ဆန်အိတ်(၁၀၀)နှင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသော ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်ကတ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးစည်သူအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရေဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများထံ ယနေ့နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ယာယီရေဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၉၁၁)စုမှ ကျား(၁၇၄၀)ဦး၊ မ(၁၈၈၆)ဦး စုစုပေါင်း(၃၆၂၆)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment