လဲချားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်


လဲချား၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လဲချားမြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှ ခေတ္တယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လဲချားမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက် လာရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒမှ လှူဒါန်းမှု အစုစုတို့အတွက် သြဝါဒချီးမြှင့်ပေးပါသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာများမှ ထောက်ပံ့လှုဒါန်းသော ဆန်၊ဆီ၊ဆားနှင့်စားသောက်ကုန်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ခေတ္တယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား လက်ခံရယူခဲ့ပါသည်။ ထို့နောက်စေတနာရှင် အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် တပ်ရင်းတပ်ဖွဲ့များနှင့်ဌာနဆိုင်များလှူဒါန်းသည့် အလှူငွေ (၅၁၂၅၀၀၀)/-တိတိအား မြို့နယ်အုပ်ချုပ်‌ရေးမှူးက လက်ခံရယူပြီးနောက် ခေတ္တယာယီနေရပ်စွန့်ခွာ ပြည်သူများကိုယ်စားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)