ဗန်းမော်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်








ဗန်းမော်၊ ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီက သုံးမိုင်ရွှေပြည်သာရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျာင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ် က အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကြည်ဇော်ထွန်းအား ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက သစ်ပင်ပျိုးပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ် နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ကိုကို ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဖြိုးဇော်ဟိန်းနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ကျွန်း (၆၀၀)ပင်၊ ပျဉ်းကတိုး (၂၀၀)ပင်၊ ပိတောက် (၃၅)ပင်၊ မဟော်ဂနီ (၃၅)ပင်၊ ကညင် (၂၅၀)ပင်၊ တမလန်း (၂၅၀)ပင်၊ ခရေ (၁၃၀)ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)